Primary Roles in Data Cleaning

Clean data ရရှိရန်အတွက် ကောင်းမွန်သော strategy သတ်မှတ်ပြီး ၎င်းတို့ကို အကောင်အထည်ဖော်မည့် သက်ဆိုင်ရာ အဆင့်တိုင်းတွင် တာဝန်ယူရသော သူများနှင့် ပါဝင်သော အဖွဲ့ ရှိနေရန် လိုအပ်သည်။

**Data steward: Data steward သည် data နှင့် တိုက်ရိုက်ထိတွေ့ပြီး data cleaning အတွက် data quality နှင့် data integrity ဆိုသော data မှန်ကန်မှု ရှိရန် တာဝန်ယူသည်။ ၎င်း သည် data များကို ထိန်းသိမ်းသူဖြစ်ပြီး သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီမှု ရှိ မရှိကိုလည်း ချိန်ကိုက်သူဖြစ်သည့် အတွက် data quality policies သတ်မှတ်ခြင်း၊ data health ကို အမြဲ စောင့်ကြည့်ခြင်းနှင့် data issues များကို ချက်ချင်း ဖော်ထုတ်ခြင်းတို့ ဆောင်ရွက်ရသောကြောင့် data quality process တစ်ခုလုံးတွင် အရေးကြီးဆုံး တာဝန် ရှိသူ ဖြစ်သည်။

**Data analysts: Data analysts သည် data cleaning ပြုလုပ်ခြင်းနှင့် analysis ပြုလုပ်ရန်အတွက် data များကို preparation လုပ်ခြင်းတို့ကို တာဝန်ယူသည်။ ၎င်းတို့သည် data steward နှင့် ချိတ်ဆက်ပြီး data discrepancies, inconsistencies နှင့် errors များကို ရှာဖွေခြင်း၊ raw data မှ analysis ပြုလုပ်နိုင်သော clean data format များ ရရှိသည့် အထိ transform ပြုလုပ်ခြင်းတို့ကို သင့်တော်သော tools နှင့် techniques များ အသုံးပြု၍ data quality စံနှုန်းများနှင့် အညီ ဆောင်ရွက်ရန် တာဝန်ရှိသည်။

**IT professionals: IT professionals, database administrators နှင့် system architects တို့သည် data များအတွက် လိုအပ်သော infrastructure များကို တည်ဆောက်ထိန်းသိမ်းရန် တာဝန်ယူသည်။ ၎င်းတို့သည် database များကို ချိတ်ဆက်အသုံးပြုခြင်း နှင့် data storage များ၏ လုံခြုံမှု ရှိခြင်းတို့အတွက် တာဝန်ရှိပြီး data steward၊ data analyst တို့၏ data cleaning process design များတွင်လည်း ချိတ်ဆက် ပါဝင်သည်။

**Business users and subject matter experts: ၎င်း တို့သည် လုပ်ငန်းနှင့် ပတ်သက်သော process များကို ကောင်းမွန်စွာ သိနားလည်သည့် domain expertise များရှိသည့် အတွက် data တွင် ဖြစ်ပေါ်နိုင်သော anomalies မှားယွင်းမှုများကို အခြားသူများထက် ပို သိမြင်သည်။ ၎င်း တို့၏ data validation နှင့် verification လုပ်ငန်းစဉ်များတွင် ပါဝင်မှုသည် ပိုမိုတိကျသော data cleaning process ကို ဖြစ်စေနိုင်သည်။

**Data quality manager: Data quality manager သည် priorities level များ သတ်မှတ်ပေးခြင်း၊ data quality သတ်မှတ်ချက်များကို business objectives နှင့် ကိုက်ညီအောင် ချိတ်ဆခြင်းနှင့် business stakeholders များနှင့် technical teams တို့ အကြား ချိတ်ဆက်ပေးခြင်းတို့ ကို တာဝန်ယူသည်။

**Analytics (BI) managers: ၎င်း တို့သည် BI report များတည်ဆောက်ခြင်းအတွက် လိုအပ်သော strategy များ ချမှတ်ဆောင်ရွက်ရန် တာဝန်ယူပြီး data cleaning ဆောင်ရွက်မှုများနှင့် business report များ ကိုက်ညီမှု ရှိစေရန်အတွက် တာဝန်ရှိသည်။ ထို့အပြင် data cleaning process အတွက် လိုအပ်သော resource များ ဖြစ်သော personnel, technology များကို ခွဲဝေတာဝန်ချခြင်း၊ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး process များကို prioritizing level နှင့် budget သတ်မှတ်ခြင်း၊ data cleaning process တွင် ပါဝင်နေသော data steward, analysts, IT နှင့် business unit တို့ကို ဟန်ချက်ညီ ပူးပေါင်း လုပ်ဆောင်နိုင်ရန် တာဝန်ယူခြင်း၊ ဝန်ထမ်းများ ကို data related tasks များအတွက် လိုအပ်သော ကျွမ်းကျင်မှု ရှိစေရန် သင်တန်းပေးခြင်းတို့ ကို ဆောင်ရွက်သည်။