C-suite executives များသည် business strategies နှင့် data quality ကိုက်ညီမှု ရှိရန် အတွက် တာဝန်ယူသူများ ဖြစ်သည်။ ၎င်း တို့သည် clean data သည် decision-marking အတွက် အရေးကြီးသည်ကို နားလည် လက်ခံပြီး data quality နှင့် သက်ဆိုင်သော လုပ်ငန်းများကို အထောက်အကူပြုရန် လိုအပ်သော technology infrastructure များရှိရန်၊ advanced data cleaning tools များ အတွက် budget များ ရနိုင်ရန်နှင့် skilled personnel ကျွမ်းကျင်ဝန်ထမ်းများရရှိနိုင်ရန် စသည်တို့အတွက် တာဝန်ယူသည်။
**Chief Executive Officer (CEO) and Chief Information Officer (CIO): ၎င်း တို့သည် လုပ်ငန်းအတွင်း data quality လိုအပ်ချက်ကို စတင် သတ်မှတ်သူများ ဖြစ်သည်။ ၎င်း တို့ သတ်မှတ်ချက်သည် လုပ်ငန်းတစ်ခုလုံး၏ data ဆိုင်ရာ လုပ်ငန်းစဉ်များတွင် သက်ရာက်မှု ရှိသည်။
**Chief Data Officer (CDO): CDO သည် data governance policies နှင့် framework များကို ချမှတ်ပြီး ၎င်း တို့ကို industry standards နှင့် regulations များနှင့် ကိုက်ညီရန် တာဝန်ယူသည်။ ၎င်း တို့သည် လုပ်ငန်းအတွင်း data quality standards ရှိရန် အတွက် အဓိက တာဝန်ရှိသူများ ဖြစ်ပြီး အခြား executives များ ဌာနများနှင့် ချိတ်ဆက်ပြီးလည်း data ဆိုင်ရာ သတ်မှတ်ချက်များ မှန်ကန်မှု ရှိအောင် လုပ်ငန်း လိုအပ်ချက် ဉီးတည်ချက်များအတိုင်း ဆောင်ရွက်နိုင်အောင် data management တွင် unified approach ကို တည်ဆောက်နိုင်ရန် တာဝန်အရှိဆုံး သူများဖြစ်သည်။
**Chief Information Security Officer (CISO): CISOသည် data asset များ၏ လုံခြုံမှု အတွက် တာဝန်ယူသည်။ ၎င်း တို့သည် data cleaning process အတွင်း sensitive information များ မပေါက်ကြားရန် နှင့် data privacy တို့ကို ထိန်းသိမ်းသည့် လုပ်ဆောင်များအတွက် အရေးကြီးသည်။
**Chief Analytics Officer (CAO) or chief data scientist: Advance analytics လုပ်ဆောင်သော လုပ်ငန်းများတွင် CAO သည် ရှုပ်ထွေးသော analytical model များအတွက် data cleaning process များကို တာဝန်ယူသည်။ ၎င်းတို့သည် ခက်ခဲသော algorithm များကို အသုံးပြုပြီး ပိုမိုတိကျသော data cleaning များ လုပ်ဆောင်ရန် guide လုပ်သည်။
**Chief Technology Officer (CTO): CTO မှ data cleaning process ကို အထောက်အကူ ပြုသော နည်းပညာဆိုင်ရာ infrastructure များကို တာဝန်ယူသည်။ ၎င်းတို့သည် efficient နှင့် effective data cleaning ဖြစ်စေရန် hardware, software နှင့် cloud ဆိုင်ရာ လိုအပ်မှု အားလုံးကို ဖြည့်ဆည်းသည်။
**Chief Risk Officer (CRO): CRO မှ data quality issue ဆိုင်ရာ risk များ ဖြစ်သော financial, legal နှင့် reputational risk များတွင် တာဝန်ရှိသည်။
**Chief Compliance Officer (CCO): CCO မှ data cleaning practices များသည် industry regulations နှင့် compliance standards များ ကိုက်ညီမှု ရှိစေရန် စစ်ဆေးသတ်မှတ်သည်။ ၎င်း တို့သည် data quality issues နှင့် သက်ဆိုင်သော legal risks များတွင် အဓိက တာဝန်ရှိသူများ ဖြစ်သည်။
**Chief Financial Officer (CFO): CFO မှ Budget နှင့် data cleaning စသော data နှင့်ပတ်သက်သော လုပ်ဆောင်ချက်များအတွက် လိုအပ်သော resource allocation များကို ဆုံးဖြတ်ပံ့ပိုးသည်။