Essential for Data Analyst : Soft Skills

Essential for Data Analyst : Soft Skills

Data Analyst ဖြစ်ဖို့အတွက် ဆိုရင် SQL, Python, DAX, Data Modelling တွေကို ကျွမ်းကျင်ရမှာဆိုတာက တော့ အားလုံး လက်ခံပြီးသားပါ။ ဒါပေမယ့် ဒီ Tools တွေ ကျွမ်းကျင်ယုံနဲ့ Full-Stack Data Analyst ဖြစ်နိုင်ပ့ါမလား။ Data Analyst တစ်ယောက်အနေနဲ့ ကိုယ့် စနစ်ကို အသုံးပြုမယ့် သူတွေ non-technical person တွေကို insight တွေ ရှင်းပြနိုင်ရပါမယ်။ Business team တွေနဲ့ ချိတ်ဆက်ပြီး right problem ကို ဖြေရှင်းနိုင်ရပါမယ်။

အသုံးပြုသူတွေရဲ့ အမှန်တကယ် လိုအပ်ချက်ကို ဆွဲခေါ် ဖော်ထုတ်နိုင်ရပါမယ်။ အဲလိုမလုပ်ဆောင်နိုင်ပဲ စနစ်ကို ရေးဆွဲရင် ကိုယ်ဆွဲလိုက်တဲ့ solution ဟာ လေဟာနယ်ထဲမှာ numbers တွေကို တင်ထားသလိုပဲ အဓိပ္ပါယ်မဲ့နေမှာပါ။ မှန်ကန်တဲ့ Questions တွေ Fact Finding တွေ Analysis တွေ မလုပ်နိုင်ခဲ့ရင် user ရဲ့ လိုအပ်ချက်နဲ့ ကိုယ့် design က ယုန်တောင်ပြေး ခွေးမြောက်လိုက် လို ဖြစ်နေမှာပါ။

တကယ်တော့ Soft Skills ဆိုတာ Data Analyst တွေအတွက် Right Questions ကို မေးနိုင်ဖို့၊ Code နဲ့ မဟုတ်ပဲ Human Language နဲ့ Communicate လုပ်နိုင်ဖို့ မရှိမဖြစ် ဖြည့်ဆည်းထားရမဲ့ Skills တစ်ခု ဖြစ်ပါတယ်။

ဒီအတွက် Data Analyst များအနေနဲ့ ကိုယ်ရဲ့ Technical Skills တွေကို အမြဲမပြတ် ဖြည့်ဆည်းရင်း တချိန်ထဲမှာပဲ Soft Skills ကိုတိုးတက်အောင်လည်း အတွေ့အကြုံတွေကနေ သင်ယူမယ်ဆိုရင် ပိုမိုကေားင်မွန်တဲ့ solution/impact တွေကို မြင်လာနိုင်ပါမယ်။