ကျွန်မ Power BI သင်ပါတယ်။ သင်တန်းအစတိုင်းမှာ ဒီသင်တန်းပြီးတာနဲ့ Professional Dashboard တွေ ဆွဲနိုင်မှာ မဟုတ်ဘူးဆိုတာရယ်၊ Power BI ဟာ ခက်ပါတယ် ဆိုတာရယ်၊ အချိန်ပေးလေ့ကျင့်ဖို့ရယ်၊ သင်တန်းပြီးရင်လဲ ဆက်ပြီးလေ့လာဖို့ လိုအပ်တယ် ဆိုတာ အမြဲပြောပါတယ်။ လူတွေကို false hope မပေးချင်လို့ပါ။ သင်တန်းတက်တဲ့သူတွေကိုလဲ data reporting experience, excel ရဲ့ formula တွေ pivot တွေ သိတဲ့လူ ဖြစ်ရမယ် ဆိုတဲ့ prerequisites ကို ပြောပါတယ်။ data ကိုင်နေကျမဟုတ်တဲ့သူ chart ဆိုတာတွေ မသိတဲ့သူတွေ အတွက်ဆို ကျွန်မ ပြောတာတွေက သူတို့ အတွက် ဘယ်လိုမှ value added မဖြစ်နိုင်ပါဘူး။ ကျွန်မ ပြဿာနာ က စာကို ကလေးသင်မသင်တတ်တာပါ။ ကျွန်မ ရဲ့ ရည်ရွယ်ချက်ကလဲ data analyst တွေ business analyst တွေ အတွက်ဖြစ်တော့ သူတို့အတွက် အထောက်အကူ ပြုမှာတွေကို ပိုအားစိုက်ပြောပါတယ်။ လက်လှမ်းမမီပဲ ပါနေတဲ့သူအတွက် လျော့လိုက်မယ် ဆိုရင် လိုအပ်တဲ့သူတွေ ရသင့်သလောက် မရကြမှာလဲ စိုးရိမ်လို့ပါ။ ကျွန်မ သင်တဲ့ သင်ခန်းစာတွေကို အသေအချာ လိုက်လုပ်မယ်ဆိုရင် mini project လောက်ကို ကောင်းကောင်းလုပ်လို့ရပါတယ်။ DAX ဆိုရင်လဲ သိသင့်တဲ့ formula တွေကို ထည့်ထားပေးတဲ့ အတွက် ဒါကို အခြေခံပြီးရင် ဆက်လေ့လာလို့ ရနိုင်ပါတယ်။ တတ်နိုင်သလောက် အသေးစိတ်တွေ ထည့်ထားတဲ့အတွက် ဒီသင်ခန်းစာအတွက် ကြေညက်ဖို့ အချိန်အတော်ပေးရမှာပါ။ ကျွန်မ ဆီမှာ Power BI လာတက်မယ် ဆိုတဲ့ သူအားလုံးကို ကြိုပြောချင်တာက ကျွန်မ က foundation ကောင်းကောင်းချနိုင်ဖို့ tools အပြည့်အစုံ ပေးပါမယ်။ foundation ကောင်းကောင်းဖြစ်ဖို့ ကိုယ်တိုင်ကြိုးစားအားထုတ်ဖို့ အချိန်ပေးနိုင်ဖို့ မဖြစ်မနေ ရှိထားရမယ့် အခြေခံ လိုအပ်ချက်တွေရှိဖို့ ready ဖြစ်ပြီလား အရင်တွေးပါ။ အားထုတ်မှုရယ်၊ လိုအပ်ချက် အားလုံးရယ်၊ design logic အမြင်ရယ်၊creative mindset ရယ်၊ ပြည့်စုံမှသာ ခိုင်မာတဲ့ foundation ဖြစ်ပြီး ကိုယ်ဆောက်ချင်တဲ့ တိုက်အမြင့်ထိ ဆောက်နိုင်မှာပါ။ ဒါတွေ မပြည့်စုံပဲ Power BI သင်မယ်ဆိုရင်တော့ လေထဲတိုက်အိမ်ဆောက်သလိုပဲ ဖြစ်နေမှာမို့။ please think before you jump into Power BI community. If you just want to know what is Power BI, it is OK, but if you want to be BI Analyst, you will need strong determination and hardworking. If you brings these, I guarantee you to be a proficient BI Analyst.
Recent posts
- March 2025 (3)
- October 2023 (1)
- September 2023 (1)
- August 2023 (2)
- March 2023 (3)
- February 2023 (1)
- November 2022 (37)
- July 2022 (7)
- June 2022 (3)
About Business Dashboard bar chart BI project BI Project Roles & Responsibilities bullet graph Business Analyst vs Data Analyst (BA vs DA) Butterfly-Effect Calculate in DAX Context in DAX Customer Segmentation dashboard data Data Analysis vs Data Analytics Data hygiene Data Lifecycle Data Quality data quality Data Repositories Digital Transformation Dimensional Data Modelling eCommerce Essential for Data Analyst_Soft Skills Excel Cube function Fiscal Year Date Table FV function FY Date Table gantt chart Index IT Keys Learning Power BI line chart Logarithmic scales Magical camera tool metadata Mobile Payment; Mobile Commerce; Mobile Marketing MS Excel Multiple Column Relationships Naming Convention Numerical shape